ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုနယ်၊ အေးသာယာ မြို့တွင် ဒီဇင်ဘာလ ၁၃ ရက် မနက်ပိုင်း ၁၁ နာရီခန့် အချိန်က နောင်အင်ဘောလုံးကွင်းထောင့်၊ ညောင်ပင်အောက်၌ ဘယ်သူကြောင့်ရရှိသည့်ကိုယ်ဝန်မသိရသည့် ဆေးစွဲ အမျိုးသမီးတစ်ဦးမှ ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။
ထိုအမျိုးသမီးမှာ မူးယစ်ဆေးဝါး သုံးစွဲထားသူ တစ်ယောက်ဟု သိရပြီး HIV ရောဂါပိုးလည်း စစ်ဆေး တွေ့ရှိရကြောင်း ၊ သွားရောက်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူ ထံမှ သိရသည်။မွေးဖွားလာသည့်ကလေးတွင် ရောဂါပိုး မတွေ့ရသော်လည်း ကာကွယ်ဆေး မထိုးခဲ့သဖြင့် စိုးရိမ်ရကြောင်း သိရသည်။



