နိုဝင်ဘာ ၂၇ ရက်၊ မနက် ၆ နာရီလောက်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉) ရပ်ကွက်၊ ကနောင် (၁) လမ်းမှာ ရွှေမောင်ဆန်း အပါအဝင် လေးယောက်ကို ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ HINO Box မော်တော်ယာဉ် တစ်စီး၊ MARK-X မော်တော်ယာဉ် တစ်စီး၊ LIGHT TRUCK မော်တော်ယာဉ် တစ်စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိသူတွေရဲ့ ဖော်ထုတ်ချက်အရ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉) ရပ်ကွက်ရှိ ဂိုထောင်ကို ဆက်လက်ရှာဖွေရာ ဂိုထောင်အတွင်းကအိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန် နဲ့ ကက်တမင်း ၆၀ ကီလိုတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ HINO Box ယာဉ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးကနေ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါ က္ကံမြို့သစ်ကို စိတ်ပြောင်းဆေးဝါးတွေ သယ်ဆောင်ခဲ့ပြီး တဆင့် လွှဲပြောင်းပေးခဲ့တဲ့ မြတ်မင်းကို နဲ့ ပြည့်စုံအောင် တို့ကို နိုဝင်ဘာ ၂၇ ရက်၊ မွန်းလွဲပိုင်းမှာ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ တည်းခိုခန်းမှာ ထပ်မံ ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ စိတ်ပြောင်းဆေးဝါးတွေကိုတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကနေ ရန်ကုန်မြို့ကို သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းက တဆင့် မလေးရှား နဲ့ ထိုင်းရေပိုင်နက်ကို သယ်ဆောင်ရောင်းဝယ်မှာဖြစ်ကြောင်း ဖော်ထုတ်သိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။



