menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ရန်ကုန်၌ ကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်မည့် မူးယစ်ဂိုဏ်းကို ဖမ်းမိ

Dec 15 • 2:06 PM

breaking-news

မြန်မာ

ရန်ကုန်

မျှဝေမည်

share-news
cover

ရန်ကုန်၌ ကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်မည့် မူးယစ်ဂိုဏ်းကို ဖမ်းမိ

နိုဝင်ဘာ ၂၇ ရက်၊ မနက် ၆ နာရီလောက်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉) ရပ်ကွက်၊ ကနောင် (၁) လမ်းမှာ ရွှေမောင်ဆန်း အပါအဝင် လေးယောက်ကို ကက်တမင်း ၁ ဒ...

cover-photo

နိုဝင်ဘာ ၂၇ ရက်၊ မနက် ၆ နာရီလောက်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉) ရပ်ကွက်၊ ကနောင် (၁) လမ်းမှာ ရွှေမောင်ဆန်း အပါအဝင် လေးယောက်ကို ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ HINO Box မော်တော်ယာဉ် တစ်စီး၊ MARK-X မော်တော်ယာဉ် တစ်စီး၊ LIGHT TRUCK မော်တော်ယာဉ် တစ်စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိသူတွေရဲ့ ဖော်ထုတ်ချက်အရ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉) ရပ်ကွက်ရှိ ဂိုထောင်ကို ဆက်လက်ရှာဖွေရာ ဂိုထောင်အတွင်းကအိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန် နဲ့ ကက်တမင်း ၆၀ ကီလိုတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ HINO Box ယာဉ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးကနေ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါ က္ကံမြို့သစ်ကို စိတ်ပြောင်းဆေးဝါးတွေ သယ်ဆောင်ခဲ့ပြီး တဆင့် လွှဲပြောင်းပေးခဲ့တဲ့ မြတ်မင်းကို နဲ့ ပြည့်စုံအောင် တို့ကို နိုဝင်ဘာ ၂၇ ရက်၊ မွန်းလွဲပိုင်းမှာ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ တည်းခိုခန်းမှာ ထပ်မံ ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ စိတ်ပြောင်းဆေးဝါးတွေကိုတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကနေ ရန်ကုန်မြို့ကို သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းက တဆင့် မလေးရှား နဲ့ ထိုင်းရေပိုင်နက်ကို သယ်ဆောင်ရောင်းဝယ်မှာဖြစ်ကြောင်း ဖော်ထုတ်သိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။




news-view-count-icon

10

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဘီးလင်းမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဒေသခံများ ရေအခက်အခဲရှိလာ

တောင်ကိုရီးယားနိုင်ငံတွင် Kakao သည် ဗုံးခြိမ်းခြောက်ခံရပြီး ဝန်ထမ်းများအား အဝေးမှ အလုပ်လုပ်ရန် အမိန့်ပေး

cover-photo
right-arrow-icon