back

မန္တလေးတိုင်း၊တောင်သာမှာ မြေမြှုပ်မိုင်းထိလို့ မိသားစုဝင် ၃ ဦးဒဏ်ရာရ

Dec 15 • 6:03 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊တောင်သာမှာ မြေမြှုပ်မိုင်းထိလို့ မိသားစုဝင် ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အင်းတဲကျေးရွာနဲ့ နတ်စောင့်ကျေးရွာကြားမှာ မြေမြှုပ်မိုင်းထိပြီး မိသားစုဝင် ၃ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။မိ...

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အင်းတဲကျေးရွာနဲ့ နတ်စောင့်ကျေးရွာကြားမှာ မြေမြှုပ်မိုင်းထိပြီး မိသားစုဝင် ၃ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။မိုင်းထိသူတွေဟာ အင်းတဲကျေးရွာနေ အသက် ၃၀ အရွယ် ကိုစိုးအောင်၊ ယောက္ခမဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်လှဌေး၊ ခယ်မဖြစ်သူ အသက် ၁၃ နှစ်အရွယ် မနွယ်ဝင်းခိုင်တို့ ၃ ဦးဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် မနက် ၁၀ နာရီခန့်မှာ အင်းတဲကျေးရွာအဝင်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။မိုင်းထိသူ ၃ ဦးစလုံးမှာ ခြေထောက် ၂ ဖက်စလုံးစီမှာ မိုင်းစဖောက်ဝင်ဒဏ်ရာတွေရပြီး တောင်သာမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသနေကာ အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ခြေထောက်မှာထိထားတဲ့ မိုင်းစတွေကြောင့် ယနေ့ ဒီဇင်ဘာ ၁၅ ရက်အထိ ဆေးရုံကနေမဆင်းရသေးဘဲ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

news-view-count-icon

8