တရုတ်နိုင်ငံ၏ ဟောင်ကောင်လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် HX013 သည် ဒီဇင်ဘာ ၁၃ ရက်က မဲလ်ဘုန်းမြို့လေဆိပ်သို့ ဆင်းသက်ခဲ့ရာ၊ ဟောင်ကောင်မှ မဲလ်ဘုန်းမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်ဖြစ်လာခဲ့သည်။ ယင်းသည် ဩစတြေးလျနိုင်ငံ ဆစ်ဒနီသို့ ဇွန်လတွင် စတင်ပြေးဆွဲပြီးနောက် ဟောင်ကောင်လေကြောင်းလိုင်း၏ ဩစတြေးလျသို့ ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး၊ ကုမ္ပဏီ၏ တိုးတက်မှုအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ ဟောင်ကောင်-မဲလ်ဘုန်း လေကြောင်းခရီးစဉ်ကို ကိုယ်ထည်ကျယ်သည့် Airbus A330 အမျိုးအစား လေယာဉ်ဖြင့် သီတင်းပတ်လျှင် သုံးကြိမ် ပြေးဆွဲမည်ဖြစ်သည်။ ဟောင်ကောင်လေကြောင်းလိုင်းဥက္ကဋ္ဌ ဂျက်ဖ်စွန်းက ယင်းခရီးစဉ်သည် ကမ္ဘာပေါ်ရှိ အစည်ကားဆုံးမြို့နှစ်မြို့ကြား အပြန်အလှန်ကူးလူးဆက်သွယ်မှုနှင့် အာရှဒေသတစ်ဝန်းနှင့် ဩစတြေးလျတို့ကြား ပေါင်းကူးချိတ်ဆက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင်လေကြောင်းလိုင်းက မဲလ်ဘုန်းမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်ပြေးဆွဲ
Dec 15 • 5:52 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


