ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်၊ လယောင်မြို့နယ်အတွင်းရှိ စည်ပင်ဌာန အမှိုက်သိမ်းယာဉ်တွင် ညဆိုင်းအလုပ်လုပ်နေသူ မြန်မာအလုပ်သမား ကိုမောင်မောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် နံနက် ၅ နာရီခန့်က အလုပ်လုပ်နေစဉ် ကားတိုက်ခံရ၍ သေဆုံးခဲ့ပြီး ၎င်း၏ လျော်ကြေးရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့က ထုတ်ပြန်ခဲ့သည်။ သေဆုံးသူ ကိုမောင်မောင်သည် MoU စနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပြီး ဇနီးနှင့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်။ WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက ကိုမောင်မောင်၏ အမှုကို လုပ်ငန်းခေါင်းဆောင် (ဝန) က လိုက်လံဆောင်ရွက်ပေးနေပြီး ဇနီးဖြစ်သူ တက်လာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုပ်ငန်းတာဝန်ရှိသူများက သေဆုံးသူအတွက် နစ်နာကြေးကို ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီးနောက် ကိုမောင်မောင်၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့တွင် သင်္ဂြိုလ်ပေးခဲ့ကြောင်းလည်း WAG အဖွဲ့က ထုတ်ပြန်ခဲ့သည်။
Dec 15 • 5:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


