၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနည်းပြ Mr. Pattaya Piamkum က ဒီဇင်ဘာ ၁၄ ရက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြင်ဆင်ချိန် အများကြီးမရခဲ့သော်လည်း ကိုယ့်အင်အားနှင့် တစ်ပွဲချင်းစီကို အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမည်ဟု ပြောကြားခဲ့သည်။ ၎င်းက ပြိုင်ပွဲဝင်အသင်းများတွင် နည်းပြကောင်းများရှိနေသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်မည်ဖြစ်ပြီး၊ မြန်မာအသင်းအတွက် အသင်းကောင်းများနှင့် ရင်ဆိုင်ရခြင်းသည် တန်ဖိုးရှိသော အတွေ့အကြုံများ ရရှိမည့်အကျိုးကျေးဇူးရှိကြောင်း ထပ်လောင်းပြောခဲ့သည်။ 
SEA Games ဖူဆယ်ပြိုင်ပွဲအတွက် မြန်မာအမျိုးသားအသင်း တစ်ပွဲချင်းစီကို အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟု နည်းပြ ပြောကြား
Dec 15 • 5:25 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


