လာလီဂါကလပ်နှစ်သင်းဖြစ်သည့် ဆိုစီဒက်နှင့် အိုဗီယေဒိုတို့သည် တနင်္ဂနွေနေ့က ၎င်းတို့၏ နည်းပြများကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ဆိုစီဒက်အသင်းသည် အိမ်ကွင်းပွဲစဉ်၌ ဂျီရိုနာအသင်းကို ရှုံးနိမ့်ပြီး နှစ်ပွဲဆက် အရှုံးရလဒ်နှင့် ရင်ဆိုင်ရပြီးနောက် ဇူလိုင်လကမှ စတင်ခဲ့သည့် နည်းပြ ဆာဂျီယိုဖရန်စစ္စကိုကို (၁၈) ပွဲ ကိုင်တွယ်ခဲ့ပြီးနောက် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ လာလီဂါတန်းတက်ကလပ် အိုဗီယေဒိုအသင်းသည်လည်း ပြိုင်ပွဲစုံနောက်ဆုံး (၁၀) ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့် အဆင့် (၁၉) နေရာသို့ ရောက်ရှိနေမှုကြောင့် နည်းပြ လူးဝစ်ကယ်ရီအွန်ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အိုဗီယေဒိုက ဗယ်လာဒိုလစ်နည်းပြ အယ်လ်မာဒါကို အစားထိုးခန့်အပ်ရန် စီစဉ်နေသော်လည်း ဆိုစီဒက်ကမူ ၂၀၂၅ ခုနှစ်ကို ယာယီနည်းပြဖြင့်သာ ဖြတ်သန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။
Dec 15 • 5:24 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 58 | 0 | 0 | 0 |


