back

ကမ္ဘောဒီးယားတွင် ရှိနေသည့် ထိုင်းတွေ ကုန်းကြောင်းကပြန်မရလျှင် လေကြောင်းကပြန်လို့ ဟွန်ဆန် ပြော

Dec 15 • 6:06 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားတွင် ရှိနေသည့် ထိုင်းတွေ ကုန်းကြောင်းကပြန်မရလျှင် လေကြောင်းကပြန်လို့ ဟွန်ဆန် ပြော

ကမ္ဘောဒီးယား ခေါင်းဆောင်ဟွန်ဆင်က ထိုင်းတွေကို အိမ်ပြန်ခွင့်မပေးဘဲ ပိတ်ထားတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်နေတယ်ဆိုတာကို ငြင်းဆန်ခဲ့ပြီး နယ်စပ်တွေကို လုံ...

ကမ္ဘောဒီးယား ခေါင်းဆောင်ဟွန်ဆင်က ထိုင်းတွေကို အိမ်ပြန်ခွင့်မပေးဘဲ ပိတ်ထားတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်နေတယ်ဆိုတာကို ငြင်းဆန်ခဲ့ပြီး နယ်စပ်တွေကို လုံခြုံရေးအတွက် သီးသန့် ပိတ်ထားတာဖြစ်တယ်လို့ သူကပြောပါတယ်။ လက်ရှိသတင်းတွေအရဆို အခုလို ပိတ်ထားတာကို ခမာစစ်သားတွေက ရေရေရာရာ ရှင်းပြတာမရှိဘဲ တချို့ထိုင်းတွေဆီကနေ နယ်စပ်ကူးခ ဘတ် ၁၂,၅၀၀ တောင်းနေတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဖနွမ်းပင်က ထိုင်းသံရုံးက ကမ္ဘောဒီးယားပြည်ထဲရေးကို ဘေးကင်းစွာနဲ့ လူတွေကို ကူးခွင့်ပေးဖို့ စာရေးတောင်းဆိုထားပြီး တစ်ဖက်ကတော့ ဘာမှ ပြန်ပြောလာခြင်းမရှိပါဘူး။ကမ္ဘောဒီးယားအနေနဲ့ အခုလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်တာမရှိဘဲ နယ်စပ် စစ်ပွဲ လုံခြုံရေးကြောင့်သာ ပိတ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ ပိတ်မိနေတဲ့ ထိုင်း လူမျိုးတွေအနေနဲ့ လေယာဥ်ကွင်းတွေက စစ်ပွဲက်ရောက်မှုမရှိ အကောင်းအတိုင်းရှိနေလို့ လေဆိပ်တွေကနေ ပြန်ပါဆိုပြီး တိုက်တွန်းထားပါတယ်။

news-view-count-icon

10