မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ သရိယဓာတ်တော်များအား ပင့်ဆောင်ပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါ ဘုရားငါးဆူစေတီ တော်မြတ်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့သည်။ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲကြီးတွင် အများပြည်သူများ ပူမျှော်ကြည်ညှိနိုင်ရန်အတွက် ဗုဒ္ဓဘုရားရှင်၏ သရိယဓာတ်တော်မြတ်များနှင့် ရဟန္တာဓာတ်တော်မြတ်များအား မူလစံမြန်းရာ ဂန္ဓကုဋီတိုက်မှ မှန်ကျောင်းဆောင်သို့ ပင့်ဆောင်ပူဇော်ခြင်းကို နမောတသ ဂါထာတော် (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃနာယကဆရာတော်ဘဒ္ဒန္တ ဩဘာသ ထံမှ (၉) ပါးသီလ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ထို့နောက်ဘုရားငါးဆူစေတီတော်မြတ်ကြီးအား လက်ယာရစ်ပတ်၍ မှန်ကျောင်းဆောင်သို့ လက်ဆင့်ကမ်း ပင့်ဆောင် ပူဇော်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏သရိယဓာတ်တော်များအား ပင့်ဆောင်ပူဇော်ပွဲ ကျင်းပ
Dec 15 • 4:38 AM
မြန်မာ
မကွေး
မျှဝေမည်
| 9 | 0 | 0 | 0 |


