ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ခီခက်တိုက်နယ်အတွင်းရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)က ဖွင့်လှစ်ထားသည့် မြန်မာကလေးငယ်များ သင်ကြားရေးစင်တာ FED/ULC ရှိ မြန်မာကလေးငယ်များအတွက် ဘတ် ၇ သောင်းကျော်တန်ဖိုးရှိသည့် ဆန်၊ဆီ၊စားစရာများ ကိုယ်စားသွားရောက် လှူဒါန်းခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ကလေးများအတွက် ဆာရာဘူရီခရိုင် ၊ဝိဟံဒဲရပ်ကွက်၊ စက်ရုံရှိ မြန်မာမိသားစုဝင်များက ဆန် ၅ ကီလို ၃၀၄ အိတ် ၊မာမား ၃ ဖာ၊ဆီနှင့် ငွေသား ၁၈၀၀ ဘတ် ကို လှူဒါန်ပေးခဲ့ခြင်ဖြစ်ကြောင်း သိရသည်။လှူဒါန်းခဲ့သည့် မြန်မာကလေးငယ်များသင်ကြားရေးစင်တာတွင် ယခုစာသင်နှစ်၌ KG မှ G-12(GED) အထိ ပညာသင်ကြားနေကြသည့် မြန်မာရွှေ့ပြောင်းကလေးငယ် စုစုပေါင်း ၅၀၀ ကျော်ရှိကြောင်း FED ဖောင်ဒေးရှင်းမှသိရသည်။ 
Dec 15 • 4:39 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


