back

ရှမ်းပြည်နယ်၊မူဆယ် - ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမမှာ ကားတစီးဘရိတ်ပေါက် တိုက်မိလို့ နှစ်ယောက်သေ၊ ရှစ်ယောက်ဒဏ်ရာရ

Dec 15 • 4:30 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊မူဆယ် - ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမမှာ ကားတစီးဘရိတ်ပေါက် တိုက်မိလို့ နှစ်ယောက်သေ၊ ရှစ်ယောက်ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ် - ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမပေါ် ဒီဇင်ဘာလ ၁၄ ရက်နေ့မိန်းလွဲ ၂ နာရီခွဲကျော်ခန့်က ကားတစီး ဘရိတ်ပေါက် တိုက်မိရ...

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ် - ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမပေါ် ဒီဇင်ဘာလ ၁၄ ရက်နေ့မိန်းလွဲ ၂ နာရီခွဲကျော်ခန့်က ကားတစီး ဘရိတ်ပေါက် တိုက်မိရာက လူတချို့ သေဆုံး၊ ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဗြုံးကျောက်တင်တဲ့ ၆ ဘီးကား ဘရိတ်ပေါက်သွားလို့ လမ်းဘေးက လူ‌တွေကိုတိုက်သွားပြီး တိမ်းမှောက်ခဲ့တာမှာ လူ ရှစ်ယောက် ဒဏ်ရာရပြီး နှစ်ယောက် သေဆုံးခဲ့ကြောင်း ပါရမီ လူမှုကူညီရေးအသင်း ဆီက သိရပါတယ်။ "သေဆုံးသွားသူတွေက ဂိတ်ရောက်လို့ ကားပေါ်ကနေ ဆင်းပြီး လမ်းလျှောက် နေသူတွေ ဖြစ်တယ်။ မူဆယ်ကပါ" လို့ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကားပေါ်ကလူတွေရော၊ လမ်းလျှောက် နေတဲ့သူတွေရော အဲဒီ အနီးနားက လူတွေရော ပါဝင်ပြီး အသ်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အထိ ဒဏ်ရာ ပြင်းထန်သူတွေတော့ မပါဘူးလို့ သူက ပြောပါတယ်။

news-view-count-icon

10