back

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားတွင် အိုးမဲ့အိမ်မဲ့ဖြစ်ပွားသူ ၃၉၅,၀၀၀ နီးပါးရှိလာ

Dec 15 • 4:29 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားတွင် အိုးမဲ့အိမ်မဲ့ဖြစ်ပွားသူ ၃၉၅,၀၀၀ နီးပါးရှိလာ

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခဖြစ်ပွားသည့် ၈ ရက်မြောက်နေ့တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော ကမ္ဘောဒီးယား အရပ်သားပြည်သူဦးရေ ၃၉၅,၀၀၀ နီးပါးရှိကြောင်း ကမ္ဘောဒီးယား ပြည်ထ...

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခဖြစ်ပွားသည့် ၈ ရက်မြောက်နေ့တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော ကမ္ဘောဒီးယား အရပ်သားပြည်သူဦးရေ ၃၉၅,၀၀၀ နီးပါးရှိကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ ပဋိပက္ခကြောင့် ကမ္ဘောဒီးယားဘက်က လူပေါင်း ၃၉၄,၇၀၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရာ ၎င်းတို့အနက် အမျိုးသမီး ၂၀၄,၈၈၉ ဦး၊ ကလေးငယ် ၉၅,၉၄၉ ဦး ရှိကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပဋိပက္ခသည် ဒီဇင်ဘာ ၁၄ ရက်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

news-view-count-icon

12