တရုတ်နိုင်ငံ၏ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) သည် ကမ္ဘာအနှံ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ မြင့်တက်လာသော်ငြားလည်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ၏ တံခါးဖွင့်လှစ်မှုမောင်းနှင်အားတွင် အဓိကကျသော သမိုင်းမှတ်တိုင်ဖြစ်သည့် ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဇုန်၏ စမ်းသပ်ဆဲနယ်ပယ်ဖြစ်သည်နှင့်အညီ ယင်းဆိပ်ကမ်းအတွင်းရှိ အဓိကကျသော စက်မှုဥယျာဉ် ၁၃ ခုမှာ ဟိုင်နန်စီးပွားရေးတိုးတက်မှု၏ အရေးပါလှသည့် မောင်းနှင်အားများ ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမဆုံးသုံးလပတ်ကာလသုံးခုအတွင်း အဆိုပါ အဓိကကျသော စက်မှုဥယျာဉ် ၁၃ ခုမှာ ဝင်ငွေအားဖြင့် ယွမ် ၁,၉၉၂.၄၅၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၂.၄၂၇ ဘီလီယံခန့်) ရရှိခဲ့ရာ ယခင်နှစ် ကာလတူထက် ၄.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ 
တရုတ်ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းက ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းများ ပြင်ဆင်လျက်ရှိ
Dec 15 • 3:35 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


