back

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် ဒုတိယကမ္ဘာစစ် စစ်ဘက်သုံးလေဆိပ်တည်ဆောက်သည့် ရှားပါးဗီဒီယိုမှတ်တမ်း ထုတ်ပြန်

Dec 15 • 3:45 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် ဒုတိယကမ္ဘာစစ် စစ်ဘက်သုံးလေဆိပ်တည်ဆောက်သည့် ရှားပါးဗီဒီယိုမှတ်တမ်း ထုတ်ပြန်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ပြတိုက်က ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရေးအရ အရေးပါသော လေဆိပ် တည်ဆောက်ခြင်းကို ဖော်ပြထားသည့် မူရင်းဗီဒီယိုမှတ်တမ်းနှစ်ခုကို ဒ...

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ပြတိုက်က ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရေးအရ အရေးပါသော လေဆိပ် တည်ဆောက်ခြင်းကို ဖော်ပြထားသည့် မူရင်းဗီဒီယိုမှတ်တမ်းနှစ်ခုကို ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အမျိုးသား မော်ကွန်းတိုက်မှ ရရှိခဲ့သော အဆိုပါ ဗီဒီယိုနှစ်ကို ဟူနန်ပြည်နယ် ကျစ်ကျန်းခရိုင်ရှိ ကျစ်ကျန်းလေဆိပ်တွင် အခြေစိုက်သည့် အမေရိကန်တပ်ဖွဲ့များက ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ကျစ်ကျန်းခရိုင်တွင် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲပြတိုက်၏ ပြတိုက်မှူး Wu Jianhong က ပြောကြားခဲ့သည်။လွန်စွာပင် ဆိုးဝါးလှသောအခြေအနေများတွင်ပင် အလုပ်သမားများသည် များပြားလှသော လုပ်ငန်း၊ ပစ္စည်းကိရိယာပြတ်လပ်မှုများနှင့် သန့်ရှင်းမှုအားနည်းမှုကို ကြံ့ကြံ့ခံခဲ့ကြရကြောင်း Wu က ပြောခဲ့သည်။ ကာလဝမ်းရောဂါကဲ့သို့ ရောဂါများကလည်း ထိုသူများအပေါ် ထပ်တိုးဖိစီးခဲ့ကာ နောက်ဆုံး ယင်းနေရာ၌ပင် အမည်မသိလူပေါင်း ၁၀,၀၀၀ နီးပါး သေဆုံးခဲ့ကြရသည်။

news-view-count-icon

26