ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ မိန့်ဇ်အသင်းနဲ့ (၂-၂)ဂိုး သရေကျခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းယူနိုင်တဲ့ဂိုးအရေအတွက် (၅၀)ပြည့်သွားခဲ့ပြီး ကစားသမားဘဝမှာ ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ဟာရီကိန်းဟာ စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပေမဲ့ တစ်နှစ်အတွင်း ဂိုး(၅၀)ပြည့်အောင် သွင်းယူနိုင်ခဲ့ခြင်းမရှိသလို၊ ဘိုင်ယန်မြူးနစ်အသင်းအတွက်လည်း အရင်နှစ်တွေမှာ သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ဘိုင်ယန်မြူးနစ်အသင်းဟာ မိန့်ဇ်နဲ့ပွဲမှာ မိနစ်(၈၀)ကျော်တဲ့အထိ (၁-၂)ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပြီး (၈၇)မိနစ်မှာမှ ဟာရီကိန်းက ပယ်နယ်တီကနေ ချေပဂိုး ပြန်သွင်းနိုင်ခဲ့တာပါ။ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီရာသီ ဘွန်ဒစ်လီဂါမှာ ရှုံးပွဲမရှိသေးတဲ့ ရလဒ်ကို ဆက်ထိန်းနိုင်ခဲ့သလို၊ ဟာရီကိန်းရဲ့ သွင်းဂိုးက ဒီရာသီဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုး(၅၀)ပြည့်လည်းဖြစ်ခဲ့ပါတယ်။ 


