ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ မွေအားကစားပြိုင်ပွဲ၌ (၅၄) ကီလိုတန်းတွင် မြန်မာကစားသမား စောခိုင်ရဲလင်းသည် ပြိုင်ဘက် ဗီယက်နမ်ကစားသမား Huynh Hoang Phi လာရောက်ယှဉ်ပြိုင်ခြင်းမရှိသည့်အတွက် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ဒီဇင်ဘာ ၁၃ ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ကွာတားဖိုင်နယ်ပွဲစဉ်များတွင် (၄၈) ကီလိုတန်းမှ ကောင်းပြည့်စုံသည် လာအိုကစားသမားကိုလည်းကောင်း၊ (၆၀) ကီလိုတန်းမှ အောင်စိုးမိုးနှင့် (၇၅) ကီလိုတန်းမှ ကျော်လင်းထက်တို့သည် ဗီယက်နမ်ကစားသမားများကိုလည်းကောင်း ရှုံးနိမ့်ခဲ့ရာ၊ ပြိုင်ဘက်ကစားသမား လာရောက်ယှဉ်ပြိုင်သော ပွဲစဉ်များအားလုံးတွင် မြန်မာကစားသမားများ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
Dec 15 • 3:09 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


