၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (33rd SEA Games) ဖူဆယ်အမျိုးသား ပွဲစဉ်များအတွက် ပွဲကြိုညှိနှိုင်းအစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲကို ပြိုင်ပွဲဝင်အသင်းများ တည်းခိုရာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနည်းပြ Mr. Pattaya Piamkum က ပြင်ဆင်ချိန် အများကြီးမရခဲ့သော်လည်း ကိုယ့်အင်အားနှင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမည်ဟု ပြောကြားခဲ့ပြီး၊ ပြိုင်ဆိုင်မှုပြင်းထန်မည့် ယခုပြိုင်ပွဲသည် အသင်းကောင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်၍ တန်ဖိုးရှိသော အတွေ့အကြုံများ ရရှိမည်ဟုလည်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာအမျိုးသားဖူဆယ်အသင်းသည် ပြိုင်ပွဲကျင်းပမည့် Nonthaburi Stadium သို့ ထွက်ခွာ၍ official training ပြုလုပ်ခဲ့သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၃:၃၀ နာရီတွင် အင်ဒိုနီးရှား၊ ဒီဇင်ဘာ ၁၆ ရက်တွင် ထိုင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် မလေးရှား၊ ဒီဇင်ဘာ ၁၉ ရက်တွင် ဗီယက်နမ် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲစဉ်များကို Channel 7၊ Reader Channel နှင့် HTV Sport Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
၃၃ ကြိမ်မြောက် SEA Games ဖူဆယ်ပြိုင်ပွဲအတွက် မြန်မာအမျိုးသားဖူဆယ်အသင်း အင်ဒိုနီးရှားနှင့် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ယှဉ်ပြိုင်မည်
Dec 15 • 3:06 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


