back

အသည်းရောင်အသားဝါစီပိုး ကင်းစင်ပပျောက်ရေး မြန်မာနိုင်ငံတွင် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

Dec 15 • 3:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အသည်းရောင်အသားဝါစီပိုး ကင်းစင်ပပျောက်ရေး မြန်မာနိုင်ငံတွင် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါစီပိုး ကင်းစင်ပပျောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၁၃ ရက...

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါစီပိုး ကင်းစင်ပပျောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်မြို့တွင်ကျင်းပသော အာရှ-ပစိဖိတ်ဒေသ အသည်းရောဂါ ဆေးပညာရှင်များညီလာခံ ဖွင့်ပွဲ၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှစ၍ အသည်းရောင်အသားဝါစီရောဂါ ထိန်းချုပ်ရေးစီမံချက်အရ ဆေးကုသပေးနေပြီး၊ တစ်နိုင်ငံလုံးကိုလည်း ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးနေကြောင်း ဆိုသည်။ ထို့ပြင် အစိုးရဆေးရုံများတွင် အသည်းအမာရွတ် အကဲဖြတ်စက်များနှင့် အစာအိမ်နှင့်အူလမ်းကြောင်းကြည့် မှန်ပြောင်းများ တပ်ဆင်ထောက်ပံ့ပေးခြင်း၊ အသည်းကင်ဆာဝေဒနာရှင်များအတွက် ဆေးဖျန်းကုသပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။ ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပသည့် ဤညီလာခံကို နိုင်ငံပေါင်းစုံမှ အသည်းရောဂါပညာရှင် ၃၂၀ ခန့် တက်ရောက်ခဲ့ကြပြီး အသည်းခြောက်ရောဂါကြောင့် အသည်းနှင့် ကိုယ်တွင်းအင်္ဂါ ပျက်စီးခြင်းအတွက် ကုသရေးနည်းလမ်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။

news-view-count-icon

13