back

ကမ္ဘောဒီးယားစစ်စခန်းတစ်ခုကို ထိုင်းတပ် သိမ်းပိုက်ရရှိရာ တရုတ်ထုတ် GAM-102LR ပဲ့ထိန်းတင့်ဖျက်ဒုံးကျည်များ သိမ်းဆည်းရမိ

Dec 15 • 2:51 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားစစ်စခန်းတစ်ခုကို ထိုင်းတပ် သိမ်းပိုက်ရရှိရာ တရုတ်ထုတ် GAM-102LR ပဲ့ထိန်းတင့်ဖျက်ဒုံးကျည်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းတွင် ထိုင်းစစ်တပ်သည် တရုတ်နိုင်ငံထုတ် ပဲ့ထိန်းတင့်ကားဖျက်ဒုံးကျည်များ ထားရှိသည့် ကမ္ဘောဒီးယားစစ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့သည်ဟု ...

ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းတွင် ထိုင်းစစ်တပ်သည် တရုတ်နိုင်ငံထုတ် ပဲ့ထိန်းတင့်ကားဖျက်ဒုံးကျည်များ ထားရှိသည့် ကမ္ဘောဒီးယားစစ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့သည်ဟု ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ သိမ်းဆည်းရမိသည့် ဒုံးကျည်များမှာ တန်ဖိုးအားဖြင့် တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၁၂,၀၀၀ ခန့်ရှိပြီး၊ တရုတ်နိုင်ငံ Poly Defence (GAM/Bolas) ကုမ္ပဏီမှ ထုတ်လုပ်သော ပဉ္စမမျိုးဆက် GAM-102LR အမျိုးအစားဖြစ်ကြောင်း ဖော်ပြထားသည်။  ၎င်းဒုံးကျည်များတွင် အဆင့်မြင့် လမ်းညွှန်စနစ်များ ပါဝင်ပြီး ၆ ကီလိုမီတာမှ ၁၀ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်များကို မြေပြင် သို့မဟုတ် ယာဉ်ပေါ်မှ တပ်ဆင်ပစ်ခတ်နိုင်သည့် ခေတ်မီလက်နက်များဖြစ်ကြောင်း သိရသည်။

news-view-count-icon

21