back

စစ်ရှောင်‌ပြည်သူတွေကို သင်္ဘောသီးထောင်း‌နဲ့ ပင်လယ်ခရုကျော်ကျွေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်

Dec 15 • 2:50 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

စစ်ရှောင်‌ပြည်သူတွေကို သင်္ဘောသီးထောင်း‌နဲ့ ပင်လယ်ခရုကျော်ကျွေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်

ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကွန် သည် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက ပြည်ထဲရေးဝန်ကြီးနှင့်အတူ ဘူရီရမ်ခရိုင်ရှိ ယာယီစစ်ရှောင်စခန်းသို့ သွားရောက်ကာ ခိုလှုံနေသော ပြ...

ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကွန် သည် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက ပြည်ထဲရေးဝန်ကြီးနှင့်အတူ ဘူရီရမ်ခရိုင်ရှိ ယာယီစစ်ရှောင်စခန်းသို့ သွားရောက်ကာ ခိုလှုံနေသော ပြည်သူများနှင့် တွေ့ဆုံအားပေးခဲ့သည်။ ဝန်ကြီးချုပ်သည် စစ်ရှောင်ပြည်သူများ စားသုံးရန်အတွက် သင်္ဘောသီးထောင်းနှင့် ပင်လယ်ခရုကျော်တို့ကို ချက်ပြုတ်ပေးခဲ့သည့်အပြင်၊ စိတ်ပြေပျောက်စေရန်အတွက် စခန်းတွင်းရှိ တီးဝိုင်းအဖွဲ့နှင့်အတူ အသည်းကွဲသီချင်းနှစ်ပုဒ်ကိုပါ သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ ထို့နောက် စစ်ရှောင်စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားကာ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

news-view-count-icon

6