ပြည်တွင်း ရွှေဈေးနှုန်းနှင့်ပတ်သက်၍ မသမာသူအချို့က ကောလာဟလများ ထုတ်လွှင့်ကာ ဈေးနှုန်းမတည်မငြိမ် ဖြစ်ပေါ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားခဲ့သည်။ ၎င်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ရွှေလုပ်ငန်းလုပ်ကိုင်သူများထဲမှ မသမာသူအချို့၏ ကောလာဟလ ထုတ်လွှင့်မှုကြောင့် ရွှေဈေး မတည်မငြိမ်ဖြစ်နေရပြီး၊ ပြည်တွင်းရွှေဈေးကွက်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်း (အခေါက်ရွှေတစ်ကျပ်သား) ကျပ် ၅,၉၈၀,၀၀၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၈,၉၄၀,၀၀၀ အထိ ဆွဲတင်ခံထားရသဖြင့် ရည်ညွှန်းဈေးထက် ကျပ် ၂၉ သိန်းခွဲကျော် ပိုများနေကြောင်း ၎င်းက ဆိုသည်။ YGEA အနေဖြင့် ကောလာဟလများနှင့်ပတ်သက်၍ သတင်းအမှားဖြစ်ကြောင်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Dec 15 • 2:48 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


