ထိုင်းနိုင်ငံ၊ပတ္တရား Koh Larn ကျွန်းပေါ်မှာရှိတဲ့ Samae San ကမ်းခြေမှာ အိန္ဒိယနိုင်ငံက ထင်ရှားတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် Gokul Kripa ဦးဆောင်တဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်း ၂,၅၀၀ ကျော်ဟာ ဂင်းနစ် ကမ္ဘာ့စံချိန် သုံးခုကို တင်နိုင်ဖို့ စုဝေးခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီပွဲကို GOKUL KRIPA SALES AND MARKETING PVT. LTD. က စီစဉ်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့နဲ့ Chonburi ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ပါဝင်သူတွေက စိန်ခေါ်မှုကြီး ၃ ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါတွေကတော့ ထိုင်းနိုင်ငံမြေပေါ်မှာ အကြီးမားဆုံး အိန္ဒိယနိုင်ငံအလံကို ပြသတာ၊အိန္ဒိယအလံတွေ တပ်ဆင်ထားတဲ့ Speedboat အစီး ၆၀ ကျော်နဲ့ ပင်လယ်ပြင်မှာ တညီတညွတ်တည်း မောင်းနှင်ပြသတာ၊လူ ၂,၅၀၀ ရှေ့မှာ အကြာဆုံး မိန့်ခွန်းပြောကြားတာတွေပဲဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေကို ကုမ္ပဏီ MD ဖြစ်သူ Mr. Sumerji နဲ့ တခြားဘုတ်အဖွဲ့ဝင်တွေက ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။



