မွန်ပြည်နယ်ရှိ ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်ထားသောနှစ်(၁၀၀)နှင့်အထက်ရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ များကိုရှေးဟောင်းအဆောက်အအုံ မှတ်တမ်း အမွေအနှစ်ကမ္ဗည်း မော်ကွန်းကြေးပြား တပ်ဆင်သွားမည်ဖြစ်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။မွန်ပြည်နယ်အတွင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှအမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် နှစ်(၁၀၀)နှင့်အထက် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံ (၁၂) ခုရှိရာ သင့်လျော်သော ရှေးဟောင်းအဆောက်အအုံကို ရှေးဟောင်းအဆောက်အအုံ မှတ်တမ်း အမွေအနှစ်ကမ္ဗည်း မော်ကွန်းကြေးပြား တပ်ဆင်နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ က မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



