back

ပြည်တွင်း အိမ်ခြံမြေ ကားဈေးကွက် ဆောင်းရာသီနဲ့အပြိုင် အေးစက်စက်ဖြစ်နေ

Dec 15 • 2:40 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း အိမ်ခြံမြေ ကားဈေးကွက် ဆောင်းရာသီနဲ့အပြိုင် အေးစက်စက်ဖြစ်နေ

ပြည်တွင်း အိမ်ခြံမြေ ကားဈေးကွက်ဟာ ယခု ၂ဝ၂၅ ခုနှစ်၊နှစ်ကုန်ပိုင်းဒီဇင်ဘာလမှာတော့ ရာသီနဲ့အပြိုင်အေးစက်နေတယ်လို့ မြေပြင်ဈေးကွက်အခြေအနေများအရ သိရပါတယ်။အဲဒါအပြင် ပြီ...

ပြည်တွင်း အိမ်ခြံမြေ ကားဈေးကွက်ဟာ ယခု ၂ဝ၂၅ ခုနှစ်၊နှစ်ကုန်ပိုင်းဒီဇင်ဘာလမှာတော့ ရာသီနဲ့အပြိုင်အေးစက်နေတယ်လို့ မြေပြင်ဈေးကွက်အခြေအနေများအရ သိရပါတယ်။အဲဒါအပြင် ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း အခွန်ရာဖြတ်နှုန်းထား တက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာမှုကြောင့် ရန်ကုန်အိမ်ခြံမြေဈေးဟာ နှစ်ဆခန့်မြင့်တက်လာခဲ့ပြီးဈေးကွက်မှာလည်း ဈေးကစားသူအချို့ရှိလာခဲ့တယ်လို့ အိမ်ခြံမြေလောကသားတွေက ဆိုပါတယ်။အလားတူ ပြည်တွင်းကားဈေးကွက်မှာကားဈေးတန်းတွေက အမြင့်ပိုင်းမှာရှိနေပြီး ဝယ်လက်ကတော့မရှိသလောက်ပါးနေတယ်လို့ ကားဝယ်‌ရောင်း လောကသားတွေက ပြောပါတယ်။ဒါအပြင် EV လျှပ်စစ်ကား၊တရုတ်ကား၊ကိုရီးယားကား၊ဂျပန်တပတ်ရစ်ကား ဒါတွေအားလုံးက ပြည်တွင်းကားဈေးကွက်မှာ အားပြိုင်မှုကောင်းနေတယ်လို့ ကားလောကသားတွေက ပြောပါတယ်။

news-view-count-icon

10