ရန်ကုန်မြို့အတွင်းတွင် ယခင်ကထက် မီးသွေးစျေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း အရည်အသွေးများကျဆင်းသော အခြေအနေမျိုးကို ကြုံနေကြရကြောင်း မြို့ခံများထံမှ သိရသည်။“မီးသွေးလုပ်တဲ့ ထင်းသားမကောင်းဘူးထင်တယ်၊ သိပ်ပြီးအသုံးမခံဘူး၊ တစ်ချို့ဟာဆိုရင် အစိုဓာတ်ရှိသေးတာနဲ့ အငွေ့တွေ တအားထွက်တာနဲ့ စျေးကြီးပေးဝယ်ရပြီး သုံးရတာအရင်လောက်မကောင်းဘူး”ဟု ရန် ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်နေသူတစ်ဦးက ပြောသည်။ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်ခြင်းများရှိနေသလို ချက်ပြုတ်စားသောက်မှုအတွက် မီးသွေးကိုအားထား၍ အသုံးပြုနေသူ များလည်းရှိကြပြီး အလှူပွဲလမ်းသဘင်များအပါအဝင် ယခုလိုပွဲလမ်းသဘင်များကျင်းပရာရာသီကာလအတွင်း ဝယ်လိုအားကောင်းသည့် အခြေအနေမျိုးဖြစ်ကြောင်း သိရသည်။
Dec 15 • 2:39 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 9 | 0 | 0 | 0 |


