back

မန္တလေးတွင် ဆီကြိတ်ခွဲစက်လုပ်ငန်းတွေ အားကောင်းလာလို့ မြေပဲဆံဈေးကောင်းပြီး အရောင်းသွက်နေ

Dec 15 • 2:36 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် ဆီကြိတ်ခွဲစက်လုပ်ငန်းတွေ အားကောင်းလာလို့ မြေပဲဆံဈေးကောင်းပြီး အရောင်းသွက်နေ

မန္တလေးတွင် တစ်နိုင်တစ်ပိုင် ဆီကြိတ်ခွဲစက်လုပ်ငန်းများကြောင့်လည်း၊ မြေပဲဆံဈေးက၊ ကောင်းပြီးအရောင်းအ၀ယ် သွက်နေခြင်းဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် ပဲနှမ်းကုန်သည...

မန္တလေးတွင် တစ်နိုင်တစ်ပိုင် ဆီကြိတ်ခွဲစက်လုပ်ငန်းများကြောင့်လည်း၊ မြေပဲဆံဈေးက၊ ကောင်းပြီးအရောင်းအ၀ယ် သွက်နေခြင်းဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် ပဲနှမ်းကုန်သည်များထံမှ သိရသည်။မြေပဲဆီချည်း သီးသန့်ကြိတ်ခွဲထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုက၊ မြေပဲဆံဈေး ထိုးကျမသွားစေသည့် အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။မန္တလေးအပါအဝင် အထက်အညာဒေသမြို့များတွင်၊ မြေပဲဆီသီးသန့် တစ်နိုင်တစ်ပိုင်ကြိတ်ခွဲစက် လုပ်ငန်းများ အပြိုင်အဆိုင်လုပ်ကိုင်လာပြီးနောက်ပိုင်း၊ ပြည်တွင်းစားသုံးသူများ ပစ္စည်းကောင်းစားသုံးခွင့် ယခင်ကထက် ပိုရကြသလို၊ မြေပဲဆံ၀ယ်လိုအားလည်းကောင်းလာသည်။လက်ရှိတွင်၊ ပဲဖတ်လည်းဈေးကောင်းရနေခြင်းကြောင့်၊ မြေပဲဆံဈေး ဆက်လက်ကောင်းနေပြီး၊  ပြည်ပ ပို့ကုန် ပဲစင်းငုံနှင့်မတ်ပဲများနည်းတူ အရောင်းအ၀ယ်သွက်နေကြောင်း မန္တလေး ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(ကုန်စည် ဒိုင်)သတင်းများအရသိရသည်။

news-view-count-icon

9