back

ထိိုင်းမှာ မိုးသည်းထန်စွာရွာပြီး အအေးပိုနိုင်

Dec 15 • 2:35 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိိုင်းမှာ မိုးသည်းထန်စွာရွာပြီး အအေးပိုနိုင်

ထိုင်း မိုးဇလရဲ့ ထုတ်ပြန်ချက်အရ တရုတ်ကနေ ဆင်းလာမယ့် အေးမြတဲ့ လေတွေကြောင့် ထိုင်းအပေါ်ပိုင်း (မြောက်ပိုင်း) ဒေသတွေမှာ အအေးပိုနိုင်ပြီး တောင်ပိုင်းမှာတော့ မိုးသည်...

ထိုင်း မိုးဇလရဲ့ ထုတ်ပြန်ချက်အရ တရုတ်ကနေ ဆင်းလာမယ့် အေးမြတဲ့ လေတွေကြောင့် ထိုင်းအပေါ်ပိုင်း (မြောက်ပိုင်း) ဒေသတွေမှာ အအေးပိုနိုင်ပြီး တောင်ပိုင်းမှာတော့ မိုးသည်းထန်ဦးမယ်လို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၄ ကနေ ၂၀ ရက်အတွင်း အရှေ့မြောက်ဒေသမှာဆိုရင် အပူချိန် 3-5 ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းနိုင်ပြီး အလယ်ပိုင်း အရှေ့ပိုင်းမှာတော့ 2-4 အထိ လက်ရှိရှိနေတာထက်ကျဆင်းနိုင်ပါတယ်။ တော်တော်လေးအေးလာဖို့ရှိပါတယ်။တောင်ပိုင်းဒေသတွေဖြစ်တဲ့ နခွန်စီသမရတ်၊ ဖတ်တလောင်၊ ဆုန်ကလာ၊ ပတ္တနီ၊ ယာလာ၊ နာရာသီဝတ်တို့မှာတော့ မိုးသည်းထန်ဦးမှာဖြစ်ပြီး ရေကြီးတာတွေ၊ မိုးကြိုးမုန်တိုင်းတွေ၊ လှိုင်းကြီးတာတွေဖြစ်နိုင်ပါသတဲ့။ မြောက်ပိုင်းကတော့ အရမ်းကို အေးမှာဖြစ်ပြီး ချင်းမိုင်၊ ချင်းရိုင်တွေဆို သိသိသာသာ အအေးပိုလာမှာပါ။ ဘန်ကောက်နဲ့ ပတ်ဝန်းကျင်မှာတော့ အပူချိန် နည်းနည်းလေးကျဆင်းပြီး မိုးဖွဲဖွဲရွာတာတွေရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

news-view-count-icon

9