back

ထိုင်းနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုများကြောင့် နယ်စပ်အဝင်အထွက်အားလုံးကို ကမ္ဘောဒီးယားက ဆိုင်းငံ့

Dec 15 • 2:18 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုများကြောင့် နယ်စပ်အဝင်အထွက်အားလုံးကို ကမ္ဘောဒီးယားက ဆိုင်းငံ့

ထိုင်းနိုင်ငံနှင့် နယ်စပ်အဝင်အထွက်အားလုံးကို နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင်...

ထိုင်းနိုင်ငံနှင့် နယ်စပ်အဝင်အထွက်အားလုံးကို နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံဘက်မှ အရပ်သားများ သေကြေထိခိုက်စေပြီး လူနေဧရိယာများနှင့် အခြေခံအဆောက်အအုံများကိုပါ မခွဲခြားဘဲ တိုက်ခိုက်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ရန်စသည့် လုပ်ရပ်များကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယားနိုင်ငံသားများအား ပုံမှန်အတိုင်း ဆက်လက်နေထိုင်လုပ်ကိုင်ကြရန် အကြံပြုထားသကဲ့သို့၊ ကမ္ဘောဒီးယားတွင် ရောက်ရှိနေသော ထိုင်းနိုင်ငံသားများအားလည်း အပစ်အခတ်ရပ်စဲရေး မရမချင်း ကမ္ဘောဒီးယားတွင် ပုံမှန်အတိုင်း ဆက်လက်နေထိုင်ရန် အကြံပြုထားသည်။

news-view-count-icon

6