၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲ့ဟာ ဒီဇင်ဘာ ၁၄ ရက် အားကစားပြိုင်ပွဲများကနေ ရွှေ ၁ ခု၊ ကြေး ၄ ခု ထပ်မံဆွတ်ခူးခဲ့ပါတယ်။ရွှေဆုကို ဘိလိယက်အားကစားနည်းကနေ ရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ မြန်မာအသင်းက စင်ကာပူအသင်းကို ၃-၁ ပွဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။မြန်မာအသင်းဟာ (ဦး)ပေါက်စ၊ (ဦး)အောင်ဌေး၊ (ဦး)နေသွေးဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်။ဒီရွှေဆုဟာ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲကနေ တတိယမြောက်ရွှေဆုလည်း ဖြစ်ခဲ့ပါတယ်။ကြေးတံဆိပ် ၄ ခုကို ပိုက်ကျော်ခြင်းအားကစားနည်းက ၂ ခု၊ မြင်းစီးအားကစားနည်းက ၁ ခု၊ ဂျူဒိုအားကစားနည်းက ၁ ခု ရရှိခဲ့ပါတယ်။မြန်မာအားကစားအဖွဲ့ဟာ ဒီဇင်ဘာလ ၁၄ ရက် ပြိုင်ပွဲများအပြီး ရွှေ ၃ ခု၊ ငွေ ၁၂ ခု၊ ကြေး ၂၀ ခုနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
Dec 15 • 2:07 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


