အိန္ဒိယက မြန်မာအပါအ၀င် အာဖရိကနိုင်ငံအချို့မှ အစိုးရခြင်းသဘောတူညီမှု(G to G)ဖြင့် ပဲ၀ယ်ယူတင်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်မည့် အလားအလာရှိနေကြောင်း အိန္ဒိယ မီဒီယာအချို့ကဖေါ်ပြကြသည်။မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့်ပဲစင်းငုံတင်ပို့ရာတွင် နှစ်စဉ်အစိုးရခြင်းသဘောတူထားသည့် ပမာဏထက်ကျော်လွန်နေသည်။ ပြီးခဲ့ သည့်၂၀၂၄- ၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၇သိန်းကျော်၊ ပဲစင်းငုံတန်ချိန် ၄သိန်းကျော်ကို အိန္ဒိယက ၀ယ်ယူတင်သွင်းခဲ့သည်။မြန်မာနိုင်ငံသည် နှစ်စဉ် မတ်ပဲ၊ ပဲစင်းငုံ ၊ပဲတီစိမ်း အပါအ၀င် ပဲအမျိုးစားများစွာ စိုက်ပျိုးပြီး ပြည်ပဈေး ကွက် သို့တင်ပို့ရောင်းချနေသည်။ယခုဘဏ္ဍာနှစ် တွင်လည်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် (၁ ဒသမ ၈ သန်း ) တင်ပို့ပြီးနိုင်ငံခြား၀င်ငွေ အမေရိကန်ဒေါ်လာ (၁ ဒ သမ ၅ ဘီလီယံ) ရရှိရန် ရည်မှန်းထားသည်။
| 11 | 0 | 0 | 0 |


