ဒီဇင်ဘာ ၁၀ ရက်ကတည်းက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းက ကန့်ဘလူမြို့နယ်လမ်းပိုင်းမှာ စစ် အုပ်စုတွေက လမ်းပိတ်ထားလို့ ကုန်တင်ယာဉ်တွေရာချီ ပိတ်မိနေပြီး ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်အထိ ပိတ်ထားဆဲလို့ ကားသမားတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့အတက်ကားတွေကိုတော့ ပိတ်ထားပေမယ့် မန္တလေးမြို့ဘက်ဆင်းမယ့် အဆင်းကားတွေကိုတော့ ဖွင့်လိုက်ပိတ်လိုက်လုပ်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။ တချို့ကားတွေကတော့ ရှောင်ကွင်းလမ်းတွေကနေပတ်ပြီး သွားလာနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။



