မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ကျိုက်မုနိုင်းစေတီတော်အနီး (သံလွင်မြစ်)ကမ်းပြို ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေကြောင်းသိရပါသည်။ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ချောင်းကော၊ မြောင်းကော၊ သဘာဝရေနှုတ် မြောင်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ၊ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးရှိ တာတမံများတည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။



