back

ကျိုက်ထီးရိုးဘုရားဖူးများပါသော ယာဉ်တိမ်းမှောက်၍ တစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရ

Dec 14 • 4:36 PM

breaking-news

မြန်မာ

မွန်

cover

ကျိုက်ထီးရိုးဘုရားဖူးများပါသော ယာဉ်တိမ်းမှောက်၍ တစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရ

ကျိုက်ထီးရိုးဘုရားဖူးများ တင်ဆောင်ထားသည့် ယာဉ်ငယ်တစ်စီး ကျိုက်ထိုမြို့ရှောင်လမ်းနှင့် ကျိုက်ထီးရိုးလမ်းဆုံတွင် ဘုရားဖူးများသယ်ဆောင်လာသည့် ဟိုက်ဂျက်အမျိုးအစား ယာ...

ကျိုက်ထီးရိုးဘုရားဖူးများ တင်ဆောင်ထားသည့် ယာဉ်ငယ်တစ်စီး ကျိုက်ထိုမြို့ရှောင်လမ်းနှင့် ကျိုက်ထီးရိုးလမ်းဆုံတွင် ဘုရားဖူးများသယ်ဆောင်လာသည့် ဟိုက်ဂျက်အမျိုးအစား ယာဉ်ငယ်နှင့် ပရိုဘောက်အမျိုးအစား ယာဉ်ငယ်တို့ ဒီဇင်ဘာ ၁၃ ရက်က တိုက်မိခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးများပါဝင်သည့် ဟိုက်ဂျက်အမျိုးအစားယာဉ်ငယ်မှာ တိမ်းမှောက်သွားခြင်းလည်း ဖြစ်သည်။ဖြစ်ပွားရာနေရာ၌ပင် တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများတွင် ကလေးတစ်ဦးလည်းပါဝင်ကြောင်း၊ ဦးခေါင်းပေါက်ပြဲခြင်း အပါအဝင် အပြင်းအထန်ဒဏ်ရာရသူအချို့ရှိပြီး ခြောက်ဦး ဒဏ်ရာရကြောင်းလည်း ဆိုကြသည်။


news-view-count-icon

11