back

ဗိုလ်တထောင်စေတီတော်၏ ၅၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော် လောင်းလှူပူဇော်

Dec 15 • 2:13 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဗိုလ်တထောင်စေတီတော်၏ ၅၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော် လောင်းလှူပူဇော်

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်တွင် သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာတော် (၁၀၈) ပါးနှင့် သီလရှင် (၅၄) ပါးတို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်တွင် သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာတော် (၁၀၈) ပါးနှင့် သီလရှင် (၅၄) ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပူဇော်မှုကို စေတီတော်၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့ အမှူးပြုသော သံဃာတော်များနှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

news-view-count-icon

11