မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းက စ စမုံ-သဲတော အစုန်ရထားလမ်းပိုင်းကို ခေတ္တပိတ်ပြီး လမ်းချော်ကျတဲ့ရထားတွဲတွေကို ဆွဲတင်တာ၊ ပျက်စီးသွားတဲ့ ကွန်ကရစ်ဇလီဖားတုံးတွေကို အစားထိုးပြင်ဆင်တာတွေ ဆောင်ရွက်ခဲ့ကာ မွန်းလွဲ၂နာရီခွဲခန့်မှာ အဲဒီကုန်ရထား ခရ္းဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။အဲဒီရထားလမ်းပိုင်းကိုလည်း မွန်းလွဲ၂နာရီမိနစ်၄၀မှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရထားခရီးစဉ်တွေ ပုံမှန်ပြေးဆွဲနေသလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။၂၀၁၆ခုနှစ်၊ ဇန်နဝါရီလက ပြဋ္ဌာန်းခဲ့တဲ့ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအခန်း၁၈၊ ပုဒ်မ၇၉(ဂ)အရ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနဲ့ သက်ဆိုင်တဲ့ မည်သည့်ဆက်စပ်နေတဲ့အရာဝတ္ထုကိုမဆို ဆွဲထုတ်ဖယ်ရှားတာ၊ ဖြေလျှော့တာ၊ ရွှေ့ပြောင်းတာ (သို့မဟုတ်) ဖျက်ဆီးတာတွေ ပြုလုပ်ရင် ပြစ်ဒဏ်အနေနဲ့ ပုဒ်မ၈၄အရ အနည်းဆုံး၅နှစ်ကနေ နှစ်၂၀ထိမပိုတဲ့ ထောင်ဒဏ် ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။



