back

အပြာရောင်အဝိုင်းပါသည့် ရေဘဝဲကို စားသုံးမိပါက ဖြေဆေးမရှိဘဲ သေဆုံးနိုင်သဖြင့် သတိထားရန်လို

Dec 14 • 2:28 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အပြာရောင်အဝိုင်းပါသည့် ရေဘဝဲကို စားသုံးမိပါက ဖြေဆေးမရှိဘဲ သေဆုံးနိုင်သဖြင့် သတိထားရန်လို

အပြာရောင်အဝိုင်းပါသည့် အဆိပ်ပြင်းရေဘဝဲကို စားသုံးမိပါက ဖြေဆေးမရှိဘဲ သေဆုံးနိုင်သဖြင့် သတိထားကြရန်လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်...

အပြာရောင်အဝိုင်းပါသည့် အဆိပ်ပြင်းရေဘဝဲကို စားသုံးမိပါက ဖြေဆေးမရှိဘဲ သေဆုံးနိုင်သဖြင့် သတိထားကြရန်လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။အဆိုပါရေဘဝဲကို ကျက်အောင် ချက်ပြုတ်သော်လည်း အဆိပ်ဓာတ်ပြယ်ခြင်းမရှိသည့်အပြင် စားသုံးမိပါက အာရုံကြောစနစ်များအပါအဝင် ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့ဘဲ သေဆုံးရန် ၁၀၀ရာခိုင်နှုန်း‌ သေချာကြောင်း သိရသည်။အပြာရောင်အဝိုင်းပါသည့် အဆိပ်ပြင်းရေဘဝဲ(Blue ringed Octopus)များသည် လက်ရှိမှတ်တမ်းများအရ Haplochlaena lunulata၊H.maculosa၊ H.fasciata၊ H.nierstraszi စသည့် မျိုးစိတ်လေးမျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် Haplochlaena lunulata မျိုးစိတ်ကို တွေ့ရပြီး ခန္ဓာကိုယ်အရွယ်အစားသည် ၃စင်တီမီတာမှ ၆စင်တီမီတာ၊ လက်တံသည် ၇စင်တီမှ ၁၀စင်တီမီတာ ရှိကြောင်းလည်း သိရသည်။အဆိုပါရေဘဝဲတွင်ပါရှိသည့် Tetrodotoxin - TTX အဆိပ်သည် ဆိုက်ယာနိုက် (Cyanide) ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပြီး ၎င်းအဆိပ်သင့်ပါက အရွယ်ရောက်ပြီးလူတစ်ဦးပင် နာရီပိုင်းအတွင်း သေစေနိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။လက်ရှိ မြန်မာနိုင်ငံတွင် Blue ringed Octopusများကို တွေ့ရှိရသော်လည်း တွေ့ရှိမှတ်တမ်းများမှာ အလွန်နည်းပါးနေပြီး ရံဖန်ရံခါ ဖမ်းမိခြင်းများမှသာ တွေ့ရှိရနေသေးကြောင်း NSCI အဖွဲ့ထံမှ သိရသည်။



news-view-count-icon

9