ဈေးကွက်အတွင်း ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရန်အတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုလစဉ်ပြုလုပ်ပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံထုတ်ပစ္စည်းများ၏ ယခင်အပတ်နှင့် ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံခြင်းနှင့်ပစ္စည်းများ ပြတ်လပ်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းဖွင့်လှစ်ထားသည့် ဈေးဝယ်စင်တာကြီးများအပြင် လက်လီလက်ကားကုန်စုံဆိုင်များကိုလည်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။



