ထားဝယ်ဈေးကွက်တွင်ပြီးခဲ့သည့် သီတင်းပတ် ဒီဇင်ဘာလ ၇ရက်က အောင်စင်္ကြာ ၁၁ အပြာရောင်အမှတ်တံဆိပ် ဆန်ကြမ်းတစ်အိတ်လျှင် ၇၄၅၀၀ ကျပ် စျေးရှိရာမှ ဒီဇင်ဘာလ ၁၄ ရက်တွင် ၈၀၀၀၀ ကျပ်၊ အဆိုပါဆန် အနီရောင်အမှတ်တံဆိပ်မှာ ၇၈၀၀၀ ကျပ်မှ ၈၄၀၀၀ ကျပ်သို့ အသီးသီးဈေးတက်သည်။ ထို့ကြောင့်တစ်ပတ်အတွင်း အောင်စင်္ကြာ အမှတ်တံဆိပ် ဆန်မှာ အမျိုးအစားအလိုက် ဆန်တစ်အိတ်လျှင် ၅၅၀၀ကျပ်မှာ ၆၀၀၀ ကျပ်အထိ ဈေးတက်သွားသည်။ ပြီးခဲ့သည့် သီတင်းပတ်က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ငရုတ်သီးခြောက် တစ်ပိဿာ ၁၇၅၀၀ကျပ်မှ ဒီဇင်ဘာလ ၁၄ ရက်တွင် ၁၆၅၀၀ ကျပ်ဖြစ်သွားသည်။ ငရုတ်ပုခြောက်မှာမူ တစ်ပိဿာ ၃၆၀၀၀ ကျပ်မှ ၃၇၀၀၀ကျပ် ဖြစ်လာသည်။ ရေထွက်ကုန်ပစ္စည်းများမူ ယခုသီတင်းပတ်အတွင်း စျေးတက်နေသည်။



