back

မန္တလေး-ရန်ကုန်ရထားလမ်းပိုင်းအတွင်း ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီများနှင့် သံလမ်းထိန်းကလစ်များ ဖြုတ်ယူမှုကြောင့် မြို့ဟောင်းမှ သီလဝါခရီးစဉ် ပြေးဆွဲသော ကုန်ရထားလမ်းချော်

Dec 14 • 6:45 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေး-ရန်ကုန်ရထားလမ်းပိုင်းအတွင်း ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီများနှင့် သံလမ်းထိန်းကလစ်များ ဖြုတ်ယူမှုကြောင့် မြို့ဟောင်းမှ သီလဝါခရီးစဉ် ပြေးဆွဲသော ကုန်ရထားလမ်းချော်

မန္တလေး-ရန်ကုန်ရထားလမ်းပိုင်းအတွင်း ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီများနှင့် သံလမ်းထိန်းကလစ်များ ဖြုတ်ယူဖျက်ဆီးမှုကြောင့် မြို့ဟောင်းမှ သီလဝါခရီးစဉ်ပြေးဆွဲသော ...

မန္တလေး-ရန်ကုန်ရထားလမ်းပိုင်းအတွင်း ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီများနှင့် သံလမ်းထိန်းကလစ်များ ဖြုတ်ယူဖျက်ဆီးမှုကြောင့် မြို့ဟောင်းမှ သီလဝါခရီးစဉ်ပြေးဆွဲသော ကုန်ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီ ၉ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ မြို့ဟောင်းမှ ရန်ကုန်တိုင်းဒေသကြီး သီလဝါခရီးစဉ်အဖြစ် စမုံဘူတာမှ ထွက်ခွာလာသည့် အမှတ်(၉၀၂) အစုန် ကုန်ရထားသည် ဝမ်းတွင်းမြို့နယ်၊ စမုံနှင့် သဲတောဘူတာအကြား မိုင်တိုင်အမှတ် ၃၂၇/၁၂-၁၁ ရှိ ပေ ၈၀ ကွန်ကရစ်ပေါင် တံတားအမှတ် ၆၈၇/A အရောက် မန္တလေးဘက်တံတား အဝင်ထိပ်နေရာနှင့် သံလမ်းဆက်အတွင်း အခြားတစ်နေရာ စုစုပေါင်း နှစ်နေရာရှိ ရထားသံလမ်း ဆက်ပြားနှင့် သံလမ်းဆက်မူလီ(Bolt &Nut) များ၊ ကွန်ကရစ်ဇလီဖားတုံးနှင့် သံလမ်းအား ချိတ်ဆက်သည့် သံလမ်းထိန်း ကလစ်များကို မသမာသူများက ရထားလမ်းချော်မှုဖြစ်ပွားစေရန် အကြံဖြင့် ဖြုတ်ယူဖျက်ဆီးခဲ့သည်။ထို့ကြောင့် ရထားတွဲဆိုင်းပါ စက်ခေါင်းနောက် ၁၅ တွဲ မြောက်မှ ၁၇ တွဲ မြောက်အထိ ကုန်အပြည့်တင်ဆောင်ထားသည့် အလုံပိတ် ကုန်တွဲနှစ်တွဲနှင့် ဘရိတ်တွဲတစ်တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ရထားလမ်းချော်ကျမှုကြောင့် စမုံ-သဲတော အစုန်ရထားလမ်းပိုင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁ နာရီခွဲတွင် ယာယီပိတ်ထားခဲ့ရပြီး လမ်းချော်ကြသည့် တွဲသုံးတွဲကို မတင်ခြင်းဆောင်ရွက်ခဲ့သည်။ထို့နောက် ပျက်စီးသွားသော ကွန်ကရစ်ဇလီဖားတုံးများ အစားထိုးတပ်ဆင်ခြင်းကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပြီးစီးခဲ့ပြီး အမှတ်(၉၀၂) အစုန် ကုန်ရထားသည် မွန်းလွဲ ၂ နာရီခွဲ၌ သီလဝါသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။


news-view-count-icon

15