စစ္စလီကျွန်းနှင့် အိမ်နီးချင်း ကာလာဘရီယာဒေသတို့ရှိ ရှေးဟောင်းသုတေသန နယ်မြေများ၌ အုတ်ဂူများ တူးဖောက်၍ အဖိုးတန်ရတနာများရှာဖွေရယူသူများအဖြစ် ယူဆရသူ ဂူဖောက် သမား၃၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အီတလီတာဝန်ရှိသူများက ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။အနုပညာလက်ရာများနှင့် ရှေးဟောင်းပစ္စည်း အမွေအနှစ်များ ခိုးဝှက်ခံရမှုသည် ရာစုခေတ် အဆက်ဆက် အီတလီနိုင်ငံ ရင်ဆိုင်ခဲ့ရသောပြဿနာတစ်ရပ်ဖြစ်သည်။
သို့ရာတွင် ပြီးခဲ့သည့်နှစ်များအတွင်း အီတလီရဲတပ်ဖွဲ့သည် ခိုးယူခံခဲ့ရသည့် အနုပညာလက်ရာများ အား ပြန်လည်ရှာဖွေ ရယူရာတွင် အောင်မြင်မှုအချို့ ရရှိထားသည်။လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့အနေဖြင့်ရှေးဟောင်းသုတေသနနယ်မြေများ၌ အုတ်ဂူခိုးဖောက်သူ များအဖြစ် ယူဆရသူ ၃၄ ဦးကို ဖမ်းဆီးထားပြီး ရှေးဟောင်းပစ္စည်း အမျိုးအစား ၁၀,၀၀၀ခန့်ကို သိမ်းယူနိုင်ခဲ့ကြောင်း အီတလီ တာဝန်ရှိသူများက ပြောကြားသည်။ရဲတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့သော ရှေးဟောင်းပစ္စည်းများထဲတွင် စစ္စလီကျွန်းပေါ်ရှိ ရှေးခေတ် ဂရိ မြို့ပြနိုင်ငံများက ထုတ်ဝေခဲ့ကြသော ဒင်္ဂါးပြား၇,၀၀၀ လည်း ပါဝင်ကြောင်း သိရသည်။ဂူဖောက်သူများလက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့သော ရှေးဟောင်းပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ယူရိုငွေ ၁၇ သန်း(အမေရိကန်ဒေါ်လာ သန်း၂၀)အထိ ရှိခဲ့သည်။



