အမေရိကန်စစ်သားနှစ်ဉီးနဲ့ အရပ်သား စကားပြန်တစ်ဦးတို့ ဆီးရီးယားနိုင်ငံအလယ်ပိုင်းမှာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ယခုဖြစ်စဉ်ဟာ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောဆိုခဲ့ပြီး လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။ဒီဇင်ဘာ၁၃ရက်စနေနေ့မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်နဲ့ ပင်တဂွန် တာဝန်ရှိသူ တွေက ပြောပါတယ်။ပါလ်မိုင်ရာမြို့မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ တန်ပြန်အကြမ်းဖက်မှု စစ်ဆင်ရေးတွေ ဆောင် ရွက်နေစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ၎င်းတို့က ပြောပါတယ်။ တပ်ဖွဲ့ဝင်သုံးဉီး ဒဏ်ရာရရှိခဲ့ပြီး သေ နတ်သမားကို သုတ်သင်ခဲ့တယ်လို့ ၎င်းတို့က ဆိုပါတယ်။ပူးတွဲမြေပြင်ကင်းလှည့်မှုမှာ ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့နဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက် ခိုက်ခဲ့ရာ ဆီးရီးယားတပ်ဖွဲ့ဝင်နှစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။



