back

စစ်အာဏာသိမ်းပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဂီနီဘစ်ရှူးနိုင်ငံ၌ ဖြစ်ပွား

Dec 14 • 6:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

စစ်အာဏာသိမ်းပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဂီနီဘစ်ရှူးနိုင်ငံ၌ ဖြစ်ပွား

ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းပွဲကို ကန့်ကွက်သည့်အနေဖြင့် ဂီနီဘစ်ရှူး ပြည်သူများက ဘစ်ရှူးမြို့တော်၌ ဒီဇင်ဘာ၁၂ ရက်တွင် ဆန္ဒပြချီတက်ခဲ့ကြပြီးအတို...

ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းပွဲကို ကန့်ကွက်သည့်အနေဖြင့် ဂီနီဘစ်ရှူး ပြည်သူများက ဘစ်ရှူးမြို့တော်၌ ဒီဇင်ဘာ၁၂ ရက်တွင် ဆန္ဒပြချီတက်ခဲ့ကြပြီးအတိုက်အခံခေါင်းဆောင်များ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ရကြောင်းသိရသည်။ဆန္ဒပြ ပြည်သူများသည်ဘစ်ရှူးမြို့တော် လမ်းများပေါ်၌မော်တော်ကားတာယာများကို မီးရှို့ခဲ့ကြပြီး အစိုးရအတိုက်အခံ ဂီနီလွတ်လပ်ရေး အာဖရိကန်ပါတီ ခေါင်းဆောင် ဒိုမင်ဂိုစီမိုပီရီယာကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်လည်း ပဋိပက္ခများဖြစ်ပွားခဲ့သည်။ဂီနီဘစ်ရှူးနိုင်ငံ စစ်အာဏာသိမ်းပွဲပြဿနာနှင့် ပတ်သက်၍အနောက်အာဖရိက စီးပွားရေးဘုံအဖွဲ့ (အီကိုဝပ်စ်) ခေါင်းဆောင်များက ဆွေးနွေးရန် ပြင်ဆင်နေစဉ်စစ်အာဏာသိမ်းပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဘစ်ရှူးမြို့တော်၌ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။အီကိုဝပ်စ်နိုင်ငံများမှ ခေါင်းဆောင်များသည် ဒီဇင်ဘာ ၁၄ ရက်တွင် နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့တော်၌ တွေ့ဆုံ၍ ဂီနီဘစ်ရှူးစစ်အာဏာသိမ်းပွဲ ပြဿနာကိုဆွေးနွေးမည်ဖြစ်ပြီး ယင်းနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ ချမှတ်ရေးအတွက်လည်း စဉ်းစားသုံးသပ်ကြမည်ဖြစ်သည်။

news-view-count-icon

9