ကမ္ဘာတစ်ဝန်း လာနီညာ ရာသီဥတုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြီး အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ရဖွယ်ရှိနေတဲ့ ကာလမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့ ဖြစ်ကာ ဇန်နဝါရီလမှ ဧပြီလအတွင်း လာနီညာရာသီဥတု ဆက်တိုက်ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO) ပြောကြားထားပါတယ်။WMO က ကမ္ဘာတစ်ဝန်း လာနီညာရာသီဥတု ဖြစ်ပေါ်လာနိုင်ကြောင်း ကြိုတင်သတိပေးချက် ထုတ်ပြန်ထားတာဖြစ်ပြီး လာနီညာရာသီဥတုဟာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ဘက်ပိုင်းတို့မှ စတင်ဖြစ်ပေါ်လာမှာဖြစ်ကာ လာနီညာရာသီဥတုကြောင့် အပူချိန်မြင့်တက်လာဖွယ်ရှိနေပြီး ရာသီဥတုလွန်ကဲမှုများလည်းဖြစ်ပေါ်လာနိုင်ကာ ရေကြီး ရေလျှံမှုအပြင် မိုးခေါင်ရေရှားပါးမှု ပြဿနာဖြင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။အဆိုပါ ရာသီဥတုကြောင့် လက်ရှိတွင်လည်း နိုင်ငံတချို့၌ မိုးခေါင် ရေရှားပါးမှု၊ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေကာ လက်ရှိ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေအတိုင်း အခြေအနေ ပိုဆိုးလာနိုင်တယ်လို့လည်း WMO မှ ပြောကြားထားပါတယ်။



