နေပြည်တော်အပါအဝင်တိုင်းဒေသကြီပြည်နယ်(၇)ခုတွင်အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ် ဆေးများကို သုံစွဲခြင်းမပြုကြရန် တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ ထုတ်ပြန်ထားကြောင်းသိရသည်။ဓာတ်ကြွင်းအာနိသင်များသည့်ပိုးသတ်ဆေးများကို စီမံထိမ်းချုပ်ဆောင်ရွက်ရေးအတွက်အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သောThiamethoxam နှင့် Clothianidinပိုးသတ်ဆေးများကိုလယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်စင်ရေးဆောင်ရွက်ရန် လိုအပ်သောကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ(၈)အရ စပါး၊ပဲတီစိမ်းမတ်ပဲ အများဆုံးစိုက်ပျိုးသော နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊မကွေး တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်း ပြည်နယ်တို့အတွင်း ယခုအမိန်ထုတ်ပြန်သည့်နေ့မှ (၂)နှစ်ကာလအတွင်း သုံးစွဲခြင်းမပြုရန်တားမြစ်ပိတ်ပင်ကြောင်း သိရသည်။(၂)နှစ်တာကာလအတွင်း တားမြစ်ပိတ်ပင်သည့် အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidinပိုးသတ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေအပါ တိုင်းဒေသကြီးပြည်နယ်(၇)ခုအတွင်း မည်သည့်အစိုးရဌာန၊အဖွဲ့အစည်း၊ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်၊ရောင်းချခြင်း၊ သုံးစွဲခြင်းလုံးဝမပြုလုပ်ရဘဲ လိုက်နာခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါကပိုးသတ်ဆေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။



