back

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့ရှိ တရုတ်ကုမ္ပဏီဝမ်ပေါင် လုပ်ငန်းလည်ပတ်မှု ၃ လ ရပ်ဆိုင်း

Dec 14 • 2:47 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့ရှိ တရုတ်ကုမ္ပဏီဝမ်ပေါင် လုပ်ငန်းလည်ပတ်မှု ၃ လ ရပ်ဆိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရဲ့ လုပ်ငန်းလည်ပတ်မှုအားလုံးကို နိုဝင်ဘာ ၂၇ ရက်ကတည်းက ရပ်ဆိုင်းထားပြီး ၃ လ ကြာ ရပ်ဆိုင်းမယ်လ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရဲ့ လုပ်ငန်းလည်ပတ်မှုအားလုံးကို နိုဝင်ဘာ ၂၇ ရက်ကတည်းက ရပ်ဆိုင်းထားပြီး ၃ လ ကြာ ရပ်ဆိုင်းမယ်လို့ ဝမ်ပေါင်ထဲမှာလုပ်ကိုင်နေသူတချို့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။"အလုပ်သမားတွေကို နေရပ်ပြန်ချင်တဲ့သူ ပြန်ခွင့်ပေးတယ်။ မပြန်ချင်လည်း ကုမ္ပဏီထဲမှာ ဆက်နေလို့ရတယ်" လို့ သူက ဆက်ပြောပါတယ်။နေရပ်ပြန်တဲ့သူတွေကိုတော့ လစာလုံးဝမပေးဘူးလို့ ဝမ်ပေါင်ဘက်က ပြောတဲ့အ‌ကြောင်း သူကရှင်းပြပါတယ်။တစ်ချိန်တည်းမှာပဲ ဝမ်‌ပေါင်ကုမ္ပဏီဘက်က လုပ်ငန်းခွင်ရပ်နားထားချိန်မှာပဲ စည်းရုံးရေးကောင်းတဲ့ ဝန်ထမ်းတချို့ကို တရုတ်ပြည်ဘက် အလည်အပတ်ခရီးစဉ် ပို့ပေးထားတယ်လို့ ပြောပါတယ်။

news-view-count-icon

28