back

ကမ္ဘောဒီးယားက ထိုင်းနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့နောက် နယ်စပ်ဂိတ်တွေကိုပိတ်

Dec 14 • 2:47 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားက ထိုင်းနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့နောက် နယ်စပ်ဂိတ်တွေကိုပိတ်

နှစ်နိုင်ငံကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့နောက် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံနဲ့ ထိစပ်ရာ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ဒီဇင်ဘာ ၁၃ ရက်က ကမ္...

နှစ်နိုင်ငံကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့နောက် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံနဲ့ ထိစပ်ရာ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ဒီဇင်ဘာ ၁၃ ရက်က ကမ္ဘောဒီးယား ပြည်ထဲရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာတော့ နောက်ထပ် ကြေညာချက်အသစ်တွေ ထွက်ပေါ်မလာမချင်း နယ်စပ်ဂိတ်တွေကို ဆက်ပြီး ပိတ်ထားမယ်လို့ ပါရှိခဲ့ပါတယ်။ နှစ်ဖက် တိုက်ပွဲတွေအတွင်း ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းစစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့လည်း ထိုင်းစစ်တပ်က ပြောပါတယ်။ ကမ္ဘောဒီးယားကတော့ အသေအပျောက် စာရင်းထပ်တိုးမှု ဘယ်လောက်ရှိသလဲ ဆိုတာကို မထုတ်ပြန်သေးပါဘူး။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နှစ်ဖက်ကြား လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေပြီး ထိုင်းလေတပ်ကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

news-view-count-icon

12