မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်အရှေ့တောင်ဘက်ခြမ်းရှိ ကြံခင်းကျေးရွာမှာ ယမန်နေ့ည ၇ နာရီ၀န်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။အဆိုပါ မီးလောင်မှုဖြစ်ပွား နေချိန် သက်ဆိုင်ရာအဖွဲ့ အစည်းများ နဲ့ ဒေသခံတွေကဝိုင်း၀န်းငြိမ်းသတ်ခဲ့တာကြောင့် နှစ်နာရီခန့်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီး မီးလောင်မှုကြောင့် လူနေအိမ် လေးလုံး ပျက်ဆီးဆုံးရှုံးတယ်လို့ ကနဦး အတည်ပြုလို့ရ တယ်လို့သူက ရှင်းပြပါတယ်။



