back

ကယားပြည်နယ်၊လွိုင်ကော်မြို့တွင်း မြေမြှုပ်မိုင်းကြောင့် သုံးလအတွင်း ၇ဦးထိခိုက် ၃ဦးသေဆုံး

Dec 14 • 2:12 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊လွိုင်ကော်မြို့တွင်း မြေမြှုပ်မိုင်းကြောင့် သုံးလအတွင်း ၇ဦးထိခိုက် ၃ဦးသေဆုံး

ကရင်နီပြည်(ကယား) လွိုင်ကော်မြို့တွင် သုံးလတာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဉီးထိရှိပြီး ထိုထဲတွင် (၃)ဦးသေဆုံးခဲ့ကြောင်း ဒေသအတွင်း သတင...

ကရင်နီပြည်(ကယား) လွိုင်ကော်မြို့တွင် သုံးလတာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဉီးထိရှိပြီး ထိုထဲတွင် (၃)ဦးသေဆုံးခဲ့ကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များက ပြောသည်။ ထိုသို့ မြေမြုပ်မိုင်း ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာသူ ၇ ဦးသည် ခြေထောက်ပြတ်သူ၊ မျက်လုံးထိခိုက်သူရှိပြီး ကျန်သုံးဦးသည် သေဆုံးခဲ့ကြောင်း လွိုင်ကော်မြို့ ရွှေညောင်ပင် လူမှုကူညီရေး အသင်း တာဝန်ခံတစ်ဉီးက ပြောသည်။သေဆုံး၊ ဒဏ်ရာရသူများသည် နေ့စားသမားများ ဖြစ်ကြပြီး စားဝတ်နေရေးအတွက် လယ်ဆင်းလုပ်ချိန် မြေမြုပ်မိုင်း နင်းမိသူနှင့် မကျည်းသီးကောက်ရာမှ မြေမြုပ်မိုင်းနင်းမိပြီး ခြေနှစ်ဖက်ဆုံးရှုံးသွားသူများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။ဆက်လက်ပြီး လွိုင်ကော်မြို့သို့ နေရပ်ပြန်လာသူများသည်လည်း မြေမြုပ်မိုင်းအန္တရာယ် စိုးရိမ်သောကြောင့် ခြံထူသော လမ်းများ၊ တောများသို့ မသွားရဲကြောင်း လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

news-view-count-icon

27