ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အတွင်း နေရပ်စွန့်ခွာ စခန်းတစ်ခုတွင် အသက် (၃) နှစ်အရွယ် မိန်းကလေးငယ်သည် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရကြောင်း ကျူးလွန်ခံရသည့် ကလေးငယ်၏ မိသားစုဝင်များကပြောကြားသည်။ လင်ဖုံံလေးမှ အသက် (၃၅) နှစ် အရွယ် အမျိုးသားတစ်ဦးသည် ဒီဇင်ဘာလ (၆) ရက်နေ့တွင် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း ကလေးမိသားစုဝင်များက စွပ်စွဲထားသည်။ထိုကလေးငယ်၏ မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်းကို ထိုအမျိုးသားက လက်ဖြင့် ပြုလုပ်ခဲ့သည်ကို ကလေးငယ်က ပြန်ပြောပြကြောင်း ၄င်းက ဆိုသည်။စွပ်စွဲခံရသူအမျိုးသားကို ဒီဇင်ဘာလ (၁၀) ရက်နေ့ ည၈နာရီခန့်တွင် နယ်မြေခံ အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သူ၏ မိခင်ဖြစ်သူက ပြောကြားသည်။လတ်တလောတွင် ကျူးလွန်ခံရသည့် ကလေးငယ်အား ဆေးစစ်မှုခံယူနေပြီး အဖြေထွက်လာခြင်းတော့ မရှိသေးပေ။ကလေးငယ်၏ မိသားစုဝင်များကမူ ကျူးလွန်သူများ ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်စေချင်ကြောင်း ပြောဆိုထားသည်။



