အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နှစ်နိုင်ငံ အပစ်ရပ်ဖို့ မိမိကြားဝင် ညှိနှိုင်းပေးပြီးပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပြီးနောက် နာရီပိုင်းအကြာ ဒီဇင်ဘာ ၁၃ ရက်က တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိခဲ့ပြီး ထိုင်းခေါင်းဆောင်က ကမ္ဘောဒီးယားနဲ့ အငြင်းပွားနေတဲ့ နယ်စပ်တလျှောက် ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ကြွေးကြော်လိုက်ပါတယ်။မိမိတို့ နယ်မြေတွေနဲ့ ပြည်သူတွေ အန္တရာယ် မရှိတော့ဘူးလို့ ခံစားလာရချိန်အထိ စစ်ရေး တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။နှစ်နိုင်ငံကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ အိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထား ပါတယ်။နှစ်နိုင်ငံစလုံးမှာ စစ်ဘေးရှောင် ၇ သိန်းကျော်အထိ ရှိလာပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက် ပိုများလာနေပါတယ်။ စုစုပေါင်းသေဆုံးသူ ၂၀ ကျော် ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
နှစ်နိုင်ငံ အပစ်ရပ်ဖို့ သဘောတူပြီလို့ ထရန့် ပြောပေမယ့် ကမ္ဘောဒီးယားကို ဆက်လက် တိုက်ခိုက်မယ်လို့ ထိုင်း ပြော
Dec 14 • 2:09 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


